Saturday, March 26, 2011

ရှေ့နေမလေးသီရိနှင့် သူငယ်ချင်းသုံးယောက်အမှု (၂)

အခန်း (၂)

ရဲစစ်ချက်များမှ အသတ်ခံရသူ ရန်နိုင်၏ သက်သေခံပစ္စည်းများ စာရင်းကို ဖတ်ကြည့်သည်။ ထိုထဲတွင် တားဆေးများ ကွန်ဒုံးများနှင့် ကာမအားဆေးများ အများအပြားပါဝင်သည်။ အသတ်ခံရသူ ရန်နိုင်သည် ဗုဒ္ဓဘာသာ မဟုတ်သော်လည်း သူ့ကုမ္ပဏီကို ဗုဒ္ဓဘာသာကုမ္ပဏီ ပုံစံဖွင့်ထားသည်။ သူကိုးကွယ်သည့် ဘာသာမှာ အစ္စလာမ်မစ် ဖြစ်သည်။ ထို့နောက် သူ့အား သတ်ခဲ့သည်ဟု ထွက်ဆိုသော စိတ်မနှံ့ဟု ယူဆရသည့် စုစုခိုင်ဆိုသည့် ကောင်မလေးကို ထားရာ စိတ္တဇဆေးရုံရှိ အချုပ်ခန်းသို့ သူမထွက်ခဲ့သည်။
"စုစုခိုင်နဲ့ တွေ့ချင်လို့ပါ"
သူနာပြုတစ်ဦးက သူမကို ခေါ်သွားသည်။
အခန်းတစ်နေရာတွင် ငုတ်တုတ် ထိုင်နေသော စုစုခိုင်နှင့် တွေ့သည်။ မဖီးမလိမ်းဘဲ နေနေသည့်ပုံဖြင့် ပွစိတက်နေသည်။
"စုစုခိုင်လား၊ ကျွန်မ သီရိပါ၊ စုစုရဲ့ အမှုကို လိုက်ပေးမယ့် ရှေ့နေပါ"
"ဘယ်သူငှါးလဲ"
"ကျွန်မက အဲ ဘယ်သူမှ မငှါးပါဘူး၊ မိန်းကလေးချင်း စာနာလို့ လိုက်ပေးတာပါ"
"ရှင်တို့ ဒီလိုပဲ ပြောကြတာပါပဲ"
"တကယ်ပါ"
"သွား........."
သီရိပင် တော်တော်လန့်သွားသည်။ တော်တော်လေးကို ချော့ချက်ကာ အမှုသွား အမှုလာကို စစ်ရသည်။

ကျွန်မနာမည် စုစုခိုင်။ ကျွန်မ အခု နာမည်ကြီးနေတဲ့ fACEbOOK မှာ အလုပ်လုပ်တယ်။ ကျွန်မကို အလုပ်ခန့်သူက မိုးမိုးလွင်ပါ။ သူက ကုမ္ပဏီမန်နေဂျင်း ဒါရိုက်တာရဲ့ စက္ကရေတေရီပါ။ ကျွန်မ အလုပ်စစရချင်းက ဧည့်ကြိုပါ။ ကျွန်မကြောင့် ဧည့်သည်တွေ အများကြီးလာတယ် ဆိုပြီး ရာထူးတန်းတိုးပါတယ်။ တိုးတဲ့နေရာက ရုံးခန်းထဲကိုပါ။ ကျွန်မက တကယ်မှတ်နေခဲ့ပါတယ်။ ဒါပေမယ့် တကယ်တန်း ကျွန်မကို Sexy အရံသတို့သမီး အလုပ်ခံရတာပါ။

ရုံးတင်လိုက်သည်။ ထိုတွင် မိုးမိုးလွင်နှင့် စန္ဒီဆိုသည့် ကောင်မလေးနှစ်ယောက် ပါဝင်လာသည်။ သွေးဆောင် ဖြားယောင်းမှုဖြင့် သူမတို့က ခုနှစ်နှစ်စီကျသည်။ စုစုခိုင်က လူသတ်မှုဖြင့် သုံးနှစ်ကျသည်။ စိတ်မမှန်သောကြောင့် ဟုဖြစ်သည်။ သေသွားသော ရန်နိုင်ကိုတော့ သေပြီးနောက် ဝိဉာဏ်ကိုခေါ်ကာ ထောင် ၁၅ နှစ်ချသည်။ သူတို့ အမှု လမ်းကြောကို သေချာစိစစ်ပြီးနောက် ထွက်လာသော ဇာတ်ကြောင်းကို ကွန်ပျူတာဖြင့် စီချသည်။ စာဖတ်သူများ ဖတ်လို့ကောင်းအောင် အနည်းငယ်ပြောင်းလဲ ရေးသားခြင်းမှ အပ အပိုအလိုမရှိ တစ်လုံးမကျန် ရေးသားလိုက်သည်။

0 comments: